Korea ရှိ မိုးမိုးနဲ့ သူ့ညီမ Shwe Di Peng တို့၏ ရေနံမြေ ငွေကြေးလိမ်လည်မှု
Korea မှ မိုးမိုးဆိုသူသည် ၂၀၂၂ တွင် ရုတ်တရက်ကြီး ဖေ့စ်ဘုတ်တွင် လိုက်ထလွှင့်ရာ Ms. Thang မှ သူမကို ရေနံမြေ လိမ်ညာကြောင်း စွပ်စွဲပါသည်။ Ms. Thang သည် ထိုမိုးမိုးဆိုသူကို မသိဖူးပါ။ မိတ်ဆွေလဲ မဟုတ်ပါ။ စီးပွါးဖက်လဲ မဟုတ်ပါ။ တွေ့လဲ မတွေ့ဖူးခဲ့ပါ။ ထိုမိုးမိုးဆိုသူမှ ရေနံမြေဝယ်ထားကြောင်း ပြောပေမယ့် Ms. Thang မှ မသိပါ။
သေချာစုံစမ်းရာတွင် ထိုမိုးမိုးဆိုသူသည် သူမ၏ညီမဖြစ်သူ Shwe Di Peng မှတဆင့် ရေနံမြေဝယ်တယ်လို့ သိရပါသည်။
သို့သော်လည်း Shwe Di Peng သည် Ms. Thang ထံတွင် ရေနံမြေဝယ်ယူစဉ်က သူမ၏ 401K စုငွေဖြင့် ဝယ်ကြောင်း Ms. Thang ဆီကို စာပို့ထားပါသည်။ Ms. Shwe Di Peng နဲ့ Ms. Thang တို့သည်သာ တရားဝင် အရောင်းအဝယ် ဖြစ်မြှောက်ခဲ့ကြပါသည်။
Ms. Shwe Di Peng သည် သူ့အမဖြစ်သူ ကိုးရီးယားတွင် နေထိုင်သူ၏ငွေဖြင့် ရေနံမြေဝယ်ယူကြောင်းကို Ms. Thang ထံတွင် တမင်တကာ ထိန်ချန်ထားခဲ့ပါသည်။ ထို့ကြောင့် မိုးမိုးမှ ကိုးရီးယားကနေ လိုက်လွှင့်တဲ့အခါ Ms. Thang အံ့ဩခဲ့ရပါသည်။
Moe Moe မှ Ms. Thang ၏ ဂုဏ်သက္ခာကျဆင်းစေရန် လူသိရှင်ကြားတိုက်ခိုက်သောအခါ Ms. Thang မှ တရားစွဲမယ်ဟု တုန့်ပြန်သောကြောင့်၊ Ms. Moe Moe မှ တောင်းပန်စကား စာတင်ခဲ့ပါသည်။ သို့သော် ပြန်ဖျက်ခဲ့ပါသည်။ ထို့နောက်ပိုင်းတွင် Ms. Thang အား အကြိမ်ကြိမ်ထပ်မံနှောက်ယှက်၍ ဂုဏ်သားရေဖျက်စီးအောင် နစ်နာအောင် ထပ်ခါတလဲလဲ ပြုလုပ်နေခဲ့ပါသည်။
သို့သော် Ms. Thang မှ သူတို့ ငွေကြေးခဝါချမှုကို သီးခံခဲ့ပါသော်လည်း၊ Ms. Shwe Di Peng သည် Ms. Thang ကို အုပ်စုဖွဲ့ ကာ ၂၀၂၃ ခုနှစ်တွင် လိမ်လည်မှုဖြင့် တရားစွဲခဲ့ပါသည်။
အမှန်တွင် သူမဝယ်ယူသော ရေနံမြေကို Ms. Peng နာမည်ဖြင့် ဂရမ်နာမည်ပြောင်းလုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ပထမနှစ်အခွန်ကို Ms. Thang မှ ပေးခဲ့ပြီးဖြစ်သည်။ နောက်ထပ် ၂ နှစ်တွင် Ms. Peng မှ အခွန်မဆောင်တော့သောကြောင့် အစိုးရမှ သိမ်းသွားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
နှစ်စဉ်အခွန်ဆောင်ရန် လမ်းညွှန်ကို Ms. Thang ဖက်မှ အသေးစိပ် သင်ပေးထားခဲ့ပါသည်။ Ms. Thang မှ Ms. Peng ထံသို့ ပေးပို့ထားသော စာတွင် “အခွန်ဆောင်ရန် ပျက်ကွက်၍ အစိုးရမှ ပြန်လည်သိမ်းယူပါက ရောင်းချသူနဲ့ မသက်ဆိုင်ပါကြောင်း” ဆိုသော စာကိုလဲ Ms. Peng ကိုယ်တိုင် တရားရုံးမှာ တင်ပြခဲ့ပါသည်။ ထို့ကြောင့် Ms. Peng သည် ရေနံမြေအခွန်ဆောင်ရန် ပျက်ကွက်သောကြောင့် အစိုးရမှ ပြန်လည်သိမ်းယူခြင်းဖြစ်၍ Ms. Peng ၏ နာစ်နာမှုသည် Ms. Thang နှင့် မသက်ဆိုင်ပါကြောင်း တွေ့ရသည်။
အရောင်းအဝယ် မဖြစ်မြှောက်ခင်တွင်ဖြစ်စေ၊ အရောင်းအဝယ် ဖြစ်မြှောက်ခဲ့ပြီးတွင်ဖြစ်စေ၊ Ms. Peng နဲ့ Ms. Thang တို့သည် ခင်မင်မှု မရှိခဲ့ပါ။
အရောင်းအဝယ် ဖြစ်မြှောက်ပြီးနောက် Ms. Peng မှ Ms. Thang ကို ရေနံတူးကိစ္စ မေးမြန်းရာတွင် Ms. Thang ၏ တုန့်ပြန်မှုသည် “နာမည်ပြောင်းလုပ်ပေးတာ ကျမ တာဝန်ဖြစ်တယ်။ ရေနံတူးတာ ကျမနဲ့ မသက်ဆိုင်၍ မလုပ်ပေးနိုင်ပါ” ဟု စာပြန်ခဲ့သည်။ ထိုအပြန်အလှန် ဆက်သွယ်မှုစာများကို တရားရုံးတွင် သက်သေအဖြစ် ရှိပါသည်။
Ms. Peng ၏ စွပ်စွဲချက်တစ်ခုဖြစ်သော Ms. Thang မှ ရေနံတူးပေးမယ်ဟု ကတိပေးထားသော်လည်း ပျက်ကွက်ခဲ့ပါသည်” ဆိုသော အချက်သည် မှားယွင်းသည်။ Ms. Peng ၏ တရားရုံးတွင် တင်သော သက်သေသည် Ms. Thang စကားပြောသည့် ဗီဒီယိုဖိုင်ဖြစ်သည်။ ထိုဗီဒီဖိုင်တွင် Ms. Thang ၏ပြောစကားသည် “ရေနံတူးကုမ္ပဏီ ငှါးပါ။ ကျမ ရေနံမတူးပေးပါ သို့သော် လမ်းညွှန်မယ်ဟု” ပါရှိသည်။ ထို့အပြင် Ms. Thang ၏ ပြောစကားများသည် “ရေနံမြေအခွန်မဆောင်ပါက အစိုးရ သိမ်းမယ်ဖြစ်ကြောင်း၊ ရေနံမြေကို တူးဖေါ်ရန် ကန့်သန့်ကာလသည် ပြည်နယ်အလိုက်မတူညီကြောင်း၊ ၅ နှစ် မှ ၁၀ နှစ်အတွင်း အကောင်အထည် ဖေါ်ရမှာဖြစ်ကြောင်း၊ ရေနံတူးကုမ္ပဏီနှင့် ညှိနှိုင်းရမှာ ဖြစ်ကြောင်း” တို့ကို Ms. Peng မှ တင်ပြသော သက်သေတွင် ပါရှိပါသည်။ ထို့ကြောင့် Ms. Thang မှ ရေနံတူးပေးမယ်ဟု ကတိမပေးခဲ့ပါ။
၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ တရားရုံးတွင် တရားစစ်သောအခါ Ms. Shwe Di Peng သည် ရေနံမြေဝယ်ယူငွေသည် သူမငွေဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ပြန်ပါသည်။ သို့သော် Ms. Thang ဖက်မှလဲ သူ့အမမိုးမိုး၏ လိုက်ဗီဒီယိုနဲ့ စာများကို တရားရုံးကို တင်ပြထားသောကြောင့် Ms. Thang ၏ ရှေ့နေမှ ထပ်မံမေးမြန်းသောအခါ ကိုးရီးယားမှ သူ့အမ မိုးမိုးငွေပါကြောင်း တရားရုံးတွင် ဝန်ခံလာရပါသည်။
Ms. Shwe Di Peng သည် Ms. Thang ကို၄င်း၊ အမေရိကန်တရားရုံးကိုသော်၄င်း လိမ်ညာခဲ့ပါသည်။
ထို့ကြောင့် Ms. Shwe Di Peng သည် အမေရိကန်ဥပဒေချိုးဖေါက်ကာ ငွေကြေးခဝါချမှု၊ တရားရုံးအား လိမ်လည်မှု၊ အမေရိကန်နိုင်ငံသားမဟုတ်သူကို တရားဝင်မှတ်ပုံတင်ခြင်းမရှိဘဲ ရေနံမြေဝယ်ပေးမှု စသဖြင့် အမှုပေါင်းများစွာ ရင်ဆိုင်ရဦးမယ် ဖြစ်ပါသည်။